Korea မှာစိန်ခေါ်မှု၊ဝေဖန်မှုများနဲ့ Project-K

0 Просмотры
Издатель
#korea #kpop #projectk #Asiasongfestival #2020

Project K ဟာလက်ရှိ Korea နိုင်ငံမှာကျင်းပနေတဲ့ Asia Songs Festival 2020မှာ ဝင််််််််််််််််််််််််ရောက်ယှဥ်ပြိုင်နေပါတယ်။

ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။

မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ် ... အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ ( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ )

LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။

ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။
အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။

(Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက်မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်း
အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။

(ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။
အောက်ခြေမှာအခုလိုရှိမှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ )

အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါခင်ဗျ ၊၊

Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။
ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုပဲ ဖြစ်နေခဲ့တာပါဗျာ။

ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် ... အားလုံးကိုလဲ ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ် ၊၊

အခုလဲ ပွဲက တာဝန်ရှိ လူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ်တောင်းပန်ကြပါတယ်

For More Videos
=======###===

The Voice Myanmar ဆိုတာ...


ဂျပန်က မြန်မာသံအမတ်ကြီး..


နှင်းဆီပါတီနှင့် တရုတ်နိုင်ငံ..


ဖခင်အတွက်စတေးခဲ့သူ-


NLD ရဲ့ကြယ်ပွင့် ဦးရဲမင်းဦး -

အမြဲတမ်း ရယ်မောနေသူပါလို့ဆိုလိုက်တဲ့ Rဇာနည် -

လျစ်လျူရှုမှုများအား အကောင်းဆုံးပြုံးရယ်ပြသွားတဲ့ Rဇာနည်-

ထီပေါက်တယ်ဆိုပြီး Wave Money မှတဆင့် လိမ်နည်း -

အာရပ်ကမ္ဘာကို စိန်ခေါ်လိုက် -
Категория
Комедии HD
Комментариев нет.
Яндекс.Метрика